Labels

Saturday, June 9, 2012

How to Install Myanmar Fonts on Android Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။ ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။ Ste... more »
What Is Rooting Android ? How to Root Samsung Galaxy Y ? ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြ... more »
Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ * ရေးသားသူ : သန့်ဇင်ဌေး // အချိန် : 12:43 AM // 3ဦးမှက်ချက်ရေးသွားပါတယ်..* Topic မစခင် မေးခွန်း တစ်ခု မေးကြည့်ချင်တာက မိသားစုဝင်တွေ viruses, spyware, scareware, trojans, နဲ့ worms တွေ အကြောင်း ဘယ်လောက်တောင်များ နားလည် ထားကြပါသလဲ - ဒီလို မေးခွန်းမေးလိုက်လို့ ကျွန်တော် က သူတို့နဲ့ ပတ်သတ်လို့ အများကြီး သိနေခဲ့လို့ မဟုတ်ပါဘူး - ကျွန်တော့် မိသားစုဝင်တွေကို နေ့စဉ်နီးပါး တစ်ယောက် မဟုတ် တစ်ယောက်ကို ဒုက္ခလိုက်ပေးနေတဲ့ ဒီ Virus တွေ အကြောင်းကို ကျွန်တော် သိနားလည် ထားသလောက်လေး မျှဝေချင်လို့ပါ။ ဒီနေရာမှာ ကျွန်တော် အဓိက Target ထားပြီး ပြောသွား... more »
Windows Boot တက်ချိန်ကို ပိုမိုမြန်ဆန်စေသော နည်းလမ်း(၅)မျိုး အားလုံးမင်္ဂလာပါခင်ဗျာ.... ကျွန်တော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ် တာတောင် တော်တော်ကြာ သွားပါတယ်.. အခုလည်း ဘလော့ပြန်ရေးမယ်ဆိုတော့ ဘာကစပြီးရေးရမှန်းမသိတာနဲ့.. ဒီပို့စ်လေးနဲ့ပဲ ပြန်ပြီးအစပြုလိုက်ရပါတယ်... တော်တော်များများကတော့ သိပြီးဖြစ်ပါလိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်အတွက် အသုံးဝင်သွားတယ်ဆိုရင် ရေးရကျိုးနပ်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာစဖွင့်တဲ့အခါ Windows တက်တာနှေးတဲ့ပြဿနာကို ကြုံဖူးကြမှာပါ။ တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အောက်ပါအတို... more »

Sunday, May 27, 2012

Windows 7 ကို USB Drive ဖြင့်အလွယ်တကူတင်နည်းလေးပါ။




ကျွန်တော်ဒီနေ့တော့  Windows တင်တော့မယ် ဆိုရင် CD/DVD Drive မရှိလို့ အခက်အခဲ ဖြစ်နေသူ များအတွက်  Flash Drive , USB Drive ကနေ Windows တင်လို့ရမယ့် နည်းလမ်းလေးကို ရေးပေးသွားပါမယ် အခု နည်းလမ်းလေးက Windows 7 တင်တဲ့ နည်းပါ.. XP  တင်တဲ့ နည်းကတော့ ကျွန်တော် နောက်မှ ထပ်ရေး ပေးသွားပါမယ်..အခု နည်းလမ်းလေးက အရမ်းလဲလွယ်ပါတယ်.. ကျွန်တော် မလုပ်တက်သေး သူတွေပါ အဆင်ပြေပြေ နဲ့လုပ်တက်သွား အောင်အောက်မှာ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်..
အရင်ဆုံး Flash Drive ကနေ Windows 7 မတင်ခင် လိုအပ် တာလေးတွေကို ပြောပြပေး သွားပါမယ်..
1. Windows 7  image ISO  File
2. USB Drive  ( 4 GB )
3.WinToFlash  Software တို့လိုအပ် မှာဖြစ်ပါတယ်..

ကျွန်တော်တို့ Windows 7 image ISO File မရှိသေးတဲ့ သူများကတော့ ဒီအောက် ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Collection ဆိုပြီး တင်ပေးထားတာ ရှိပါတယ်.. မိမိတို့ တင်ချင်တဲ့ Windows အမျိုးအစား ကိုရွေးပြီးတော့ သာဒေါင်းလော့ ချသွားလိုက်ပါ..

Windows 7 Collection  Download 

Windows ခွေကို ဒေါင်းလော့ချပြီးရင် အောက်ကပုံ မှာပြထားသလို ဖိုင်ဖြည်လိုက်ပါ.. ပြီးရင်အဲ့ဒီ Folder လေးကို Partation တစ်ခုထဲမှာ ထည့်ထားပေးပါ..


 အောက်ကပုံမှာ ပြထားသလို Folder လေးပေါ်လာပါလိမ့်မယ်..


အောက်ကပုံကတော့ ပေါ်ကပြထားတဲ့ ဖိုဒါထဲမှာပါတဲ့ Windows setup File တွေပဲ ဖြစ်ပါတယ်..


နောက်တစ်ချက် USB Flash Drive ကတော့ မိမိတို့ အစီအစဉ်နဲ့ ၀ယ်မယ်ဆိုရင်လဲ ၀ယ်လိုက်ပါ..။ ဒါမှမဟုတ် သူငယ်ချင်းဆီက ယူပြီးငှားသုံးမယ် ဆိုရင်လဲသုံးပါ အဆင်ပြေသလိုသာ လုပ်ပါ.. USB Drive ( 4 GB ) ဆိုအဆင်ပြေပါတယ် 

နောက်တစ်ချက် WinToFlash ကိုတော့ သူရဲ့မူရင်း ဆိုဒ်မှာသွားပြီး ဒေါင်းလော့ ချရင်လဲရပါတယ်..ကျွန်တော် အောက်မှာလဲ တင်ပေးထားတာရှိပါတယ်..


WinToFlash  Download


Download Ifile.itDownload MediafireDownload Multiupload

ကျွန်တော်အပေါ် မှာပြောခဲ့တဲ့ အဆင့်သုံးဆင့် ကိုပြင်ဆင်ပြီး  သွားပြီဆိုရင်တော့ Windows 7 ကို USB Drive မှဘယ်လို Install လုပ်ရမယ်ဆိုတာကို အောက်မှာတစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်..

အရင်ဆုံး ဒေါင်းလော့ချထားတဲ့ WinToFlash လေးကိုမိမိတို့ရဲ့ စက်မှာ Run ပေးလိုက်ပါ..

 
အောက်ကပုံ အတိုင်းပေါ် လာပြီဆိုရင်တော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ပြထားသလို အဆင့်ဆင့် လုပ်ပေး လိုက်ပါ..




ဒီအောက်က အဆင့်ကို ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့က စောစောက ဒေါင်းလော့ချပြီး ဖိုင်ဖြည်ထားတဲ့ Windows 7 image ဖိုင်ကို USB Drive ထဲကိုထည့်ပေး ရမှာဖြစ်ပါတယ်..ကျွန်တော် အောက်မှာ 1 နဲ့ 2 ဆိုပြီး ပြပေးထားပါတယ်..1 ကတော့ စောစောက ဖိုင်ဖြည်ထားတဲ့ Windows 7  image Folder ကိုရွေးပေးရမှာဖြစ်ပါတယ်.. 2 ကတော့ ကျွန်တော်တို့ Windows တင်တဲ့အခါ အသုံးပြုမဲ့ USB Drive ကိုရွေးပေးရမှာ ဖြစ်ပါတယ်..





အောက်ကပုံအတိုင်း ရွေးပေးပြီးပြီ ဆိုရင်တော့ Next ကိုပေးလိုက်ပါ..









အောက်ကပုံအတိုင်း  License တောင်ရင်တော့ Next time ပေးလိုက်ပါ..



အပေါ်က အဆင့်တွေကတော့ USB Drive ထဲမှာ Windows image ဖိုင်ကိုထည့်ပြီး ပြင်ဆင်တဲ့ အပိုင်းပါ..ကျွန်တော်တို့ နောက်တစ်ဆင့် Windows Installation လုပ်တဲ့အခါမှာ First Boot ကို USB HDD  လို့ပြောင်းပေးဖို့ လိုပါလိမ့်မယ်..ဒါမှသာ Boot လုပ်ငန်းစဉ်ပြီးလို့ Bios ကိုဝင်စစ်တဲ့အခါမှာ USB Drive ကိုတွေ့ မှာဖြစ်ပါတယ်..ကျွန်တော်ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါ တယ်.. အရင်ဆုံး မိမိတို့ ကွန်ပျူတာကို Restart ချလိုက်ပါ.. ပြီးရင် Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ပါ.. ဒါဆိုရင် BIOS ထဲကိုရောက်သွားပါလိမ့်မယ်..




အောက်ကပုံ အတိုင်း USB HDD ကိုရွေးပေးပြီးရင် Enter ခေါက်လိုက်ပါ..



ပြီးရင် Second Boot Device ကို Hard Disk လို့ပြောင်းပေးဖို့ လိုပါလိမ့်မယ်. အခုအတိုင်းပဲ ပြောင်းပေးလိုက်ပါ..





အောက်က ပုံအတိုင်းပြောင်းပြီးသွား ပြီဆိုရင်တော့ Keyboard မှ F10 ကိုနှိပ်ပြီး Save  လိုက်ပါ..



အောက်ကပုံ အတိုင်းပေါ်လာပြီ ဆိုရင်တော့ Y ကိုနှိပ်ပြီး Enter ခေါက်ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် BIOS ထဲမှာလည်း ပြင်ဆင်ပြီးသွားပါပြီ..



အားလုံးပြီး သွားပြီဆိုရင်တော့ ပုံမှန်အတိုင်း Wondows တင်လို့ရသွားပါပြီ..။ Windows 7 မတင်တက် သေးဘူးဆိုရင်တော့ ဒီအောက်ကလင့်မှာ ကျွန်တော်ရှင်းပြပေး ထားတာရှိပါတယ်..


Windows 7 တင်နည်း 

ဒီလောက် ဆိုရင်တော့ USB Drive ကနေ Windows တင်တာနဲ့ ပါတ်သတ်ပြီး အားလုံးပဲ အဆင်ပြေပြေ နဲ့လုပ်တက်သွားမယ်လို့ ထင်ပါတယ်..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..

Download  Ifile.it Download  MediafireDownload Multiupload
From - KgLayNgal
     

Air Conflicts: Secret Wars




ကျွန်တော်အရင်ကလည်း တင်ပေးမယ်တင်ပေးမယ်နဲ့ မတင်ဖြစ်သေးတာပါ။ စက်တွေနဲ့ ကိုက်အောင်လည်း ရှာရသေးတော့ အခုမှပဲတင်ပေးဖြစ်သွားတာပါ။ လေယာဉ်ပစ် 3 D ဂိမ်းလေးဖြစ်ပါတယ်။ OS မှာဆိုရင် Windows XP/ Windows Vista/ Windows 7 နဲ့ Processor အနည်းဆုံး Intel Core 2 Duo E7300 2.66GHz / AMD Athlon II X2 255 ၊ Memory Ram မှာဆိုရင် 3 GB ၊Hard Disk Free Space: 9 GB ရှိရမှာဖြစ်ပါတယ်။ Video အနေနဲ့က  nVidia GeForce GTS 150 / ATI Radeon HD 5670 512MB ဒီလောက်ပဲထည့်ပေးလိုက်ပါတယ်။ ဒီဂိမ်းကို Run တဲ့အချိန်နဲ့ Run ပြီးတဲ့ အချိန်မှာ တက်နိုင်တဲ့ Error လေးတွေကိုပါ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါဗျာ. Graphic နိုင်ရင်တော့ အရမ်းကစားလို့ကောင်းပါတယ်.

Driver ရှာရန် အခက်ခဲ့ ဖြစ်နေသူများအားလုံးအတွက်

 



ပထမဆုံးကျေးဇူးတင်ပါတယ် လို့ပြောပါရစေပါ ... အစ်ကို အစ်ကို တို့ ဒီထက်မက အောင်မြင်ပါစေ လို့ ဆန္ဒ ပြုလိုက်ပါတယ် အစ်ကိုတို့  ညီမသိတာ လေး တစ်ခုကို ပြောကြားပေးပါ အစ်ကို ... ညီတို့ရဲ့ ကွန်ပျူတာ က Drivers အကြောင်းပါ ...  Version အလိုက်မဟုတ်ဘဲ ဘယ်ကွန်ပျူတာ ဘာအမျိုးအစား အတွက် မဆို  အသုံးတည့်ပီး သိမ်းဆည်းလို့ ရတာ မျိုး ရှိပါလား အစ်ကို ... ရှိရင် ပေးပါလို့ တောင်းဆို ပါရစေပါ အစ်ကို ....ဒီထက်မှမဟုတ်ဘဲ သူရဲ့ Version အလိုက်ပဲသုံးလို့ရတယ်ဆို ရင်လည်း Drivers တွေ အတွက် ကျွန်တော်တို့လို လေ့လာ ခါစတွေ အတွက် ...နားလည်လွယ်အောင် ရှင်းပြပေးပါ အစ်ကို ....ကျေးဇူးတင်ပါတယ် ... ကွန်ပျူတာ Professional တစ်ယောက်ဖြစ်လာအောင် ဘာတွေကို လေ့လာ မှတ်သားပီး ဘယ်လို သင်တန်းမျိုးတွေ တက်သင့်တယ်ဆိုတာလေးကိုပါ နည်းညွန်ပေးပါနော် အစ်ကို ....ဒီထက်မက အောင်မြင်ပါစေ ....အစ်ကို ကျေးဇူးတင်ပါတယ် …

ဒီအောက်ဆုံးမှာ ခွေတစ်ခွေစာပေးထားပါတယ်။ ဒီခွေဟာ အင်တာနက် မရှိလည်း ဘယ်စက်အတွက် မဆို Driver ပါပီးသားပါ။ ဒီခွေကို ဆောင်ထားမယ် ဆိုရင် Driver ကို ပင်ပင်ပန်းပန်း ရှာစရာမလိုပါဘူး။