Labels

Sunday, March 25, 2012

iphone jail break လုပ်နည်း


iphone jail break လုပ်နည်းစာအုပ်ကလေးပါ . နောက်ထပ် အသေးစိတ်ကို ကျွန်တော် ရေးပြီးတော့ ထပ်တင်ပေးပါဦးမယ် .လတ်တလော တော့ မေးထား တဲ့ ကြွေးလေးတွေကို အရင်ဦးဆုံးဖြေပေးလိုက်ပါဦးမယ် . သူများလုပ်ထား တာလေးတွေကို တင်ပေးနေရတော့ အားတော့နာပါတယ် . ကိုယ်ကိုယ်တိုင်က အချိန်မပေးနိုင်တဲ့အတွက်လဲပါပါတယ် . လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ .


Download ifile.it | Mediafire | Zshare | Ziddu | Megaupload

A+ ၏ နောက်ကွယ် (မြန်မာလို)


computer hardware နှင့်ပတ်သက်သည့် အတွေ့အကြုံများကို ရေးသားထားတာပါ. ဦးဇော်လင်းရေးသားထားတဲ့ စာအုပ်ကလေး တစ်အုပ်ပါ. ဖတ်ထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ . ကွန်ပျူတာသမားလို့မှ ကိုယ့်ကိုယ်ကိုယ် ခံယူထားရင်တော့ အရာရာတိုင်းကို လေ့လာထားဖို့တော့လိုအပ်ပါတယ် .အရင်က တင်ပေးခဲ့ဖူး တယ်ထင်ပါတယ် . ဒါပေမယ့် Download link တွေ သေနေလောက်ပြီထင်လို့ ထပ်တင်ပေး လိုက်တာပါ . .လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ ..

Download ifile.it | Mediafire | Zshare | Ziddu | Megaupload

A+ ၏ နောက်ကွယ် (မြန်မာလို)


computer hardware နှင့်ပတ်သက်သည့် အတွေ့အကြုံများကို ရေးသားထားတာပါ. ဦးဇော်လင်းရေးသားထားတဲ့ စာအုပ်ကလေး တစ်အုပ်ပါ. ဖတ်ထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ . ကွန်ပျူတာသမားလို့မှ ကိုယ့်ကိုယ်ကိုယ် ခံယူထားရင်တော့ အရာရာတိုင်းကို လေ့လာထားဖို့တော့လိုအပ်ပါတယ် .အရင်က တင်ပေးခဲ့ဖူး တယ်ထင်ပါတယ် . ဒါပေမယ့် Download link တွေ သေနေလောက်ပြီထင်လို့ ထပ်တင်ပေး လိုက်တာပါ . .လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ ..

Download ifile.it | Mediafire | Zshare | Ziddu | Megaupload

Linux OS အကြောင်းနှင့် အသုံးပြုပုံ (မြန်မာလို)


Linux OS အကြောင်းကို မြန်မာလိုရှင်းပြထားပြီးတော့ အသုံးပြုပုံကိုလဲ အသေးစိတ် ရှင်းပြထားပါတယ် . စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကလေးပါ . စိတ်ပါဝင်စားမယ် ဆိုရင်တော့ ဖတ်သင့်ပါ. စမ်းချင်ရင်လဲ စမ်းလို့ရပါတယ် . လိုချင်ရင်တော့ အောက်မှာ

Download ifile.it | Mediafire | Ziddu | Megaupload

Gtalk မှာ Music name ဖေါ်ကြည့်ခြင်း





Windows 7    က    Window Media Player     နဲ့စမ်းကြည့်တာပါ ။ နည်းလေးကတော့ အောက်ကအတိုင်းပါပဲ....။

Window  Media Player    ကိုဖွင့်လိုက်ပါ...

(၁) Window Media Player မှာ  orgnize   ကနေ  Options  ကို ဝင်ပါ။
(၂) Plug-ins ကို ရွေးပါ။
(၃) Background  ကို ထပ်ရွေးပါ။ ညာဘက်တွင်  Google Talk Music Plug in  ဆိုတာ ရှိပါတယ်။ အဲဒါကိုအမှန်ခြစ်ပေးလိုက်ပါ။
(၄) Gtalk   တွင်   Show Current Music Track    ကို ရွေးပေးလိုက်ပါ။ 

21/1/2012

အောက်က ကွန်မန့်မှာတွေ့ရလို ပုံလေးတွေနဲ့ တကွ ဖြေရှင်းပေးလိုက်ပါတယ်...။ အဆင်ပြေကြပါစေ...။




 orgnize   ကနေ  Options  ကို ဝင်ပါ။
အောက်ကပုံလေးအတိုင်း ဆက်လုပ်သွားလိုက်ပါ...။




အဆင်ပြေပါစေဗျာ....။

ကွန်ပျူတာ တတ်ဆင်အသုံးပြုခြင်း အခြေခံသဘောတရားများ



 ဟိုးအရင်ကတော့ တင်ထားပေးပြီးသားပဲ ထင်တယ် . ဒါပေမယ့် link သေနေလောက်ပြီ ထင်လို့ အသစ်ပြန်ပြီးတော့ တင်ပေးလိုက်ပါတယ် . ကိုမျိုးသူရ ရေးထားတဲ့ စာအုပ်ကလေးပါ။ အဆင်ပြေပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် . လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ။
Download ifile.it | Mediafire | Zshare | Ziddu | Megaupload

Autocad 2010 (မြန်မာလို)


autocad သမားများအတွက်ပါ . 2010 version ကို သုံးပြထားတာပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . ကျွန်တော်ကတော့ autocad ကို သိပ်မကျွမ်းကျင် ပါဘူး . ၀ါသနာမပါလို့ မလေ့လာတာလဲ ပါတာပေါ့ . လိုချင်တဲ့သူများ အောက်မှာ download လုပ်လိုက်ပါ .စာအုပ်နှစ်အုပ်တင်ပေးထားပါတယ် ..

Book 1 >> ifile.it | Mediafire | Zshare | Ziddu | Megaupload
Book 2 >> ifile.it | Mediafire | Zshare | Ziddu | Megaupload

Revo Uninstaller Pro 2.5.7 (Latest)




 ကိုယ့်စက်ထဲမှာ ရှိနေတဲ့ မလိုချင်တော့တဲ့ Applications တွေအားလုံးကို ဖျက်ထုတ်တဲ့ နေရာမှာ အကြွင်းအကျန်အားလုံး မကျန်ရအောင် အသန့်စင်နိုင်ဆုံး Software တစ်ခုလို့ ပြောလို့ ရပါတယ်။ တစ်ခြား Uninstaller တွေနဲ့ မတူတာက အသုံးပြုပုံရိုးရှင်းပြီး Registery ကို Clean တဲ့ နေရာမှာ Safe ဖြစ်တာပါ။
 မသုံးဖူးသေးတဲ့ သူငယ်ချင်းများ အတွက်ပါ..။

 သုံးကြည့်ချင်တယ်ဆိုရင်...

Revo Uninstaller Pro 2.5.7 (Latest)




 ကိုယ့်စက်ထဲမှာ ရှိနေတဲ့ မလိုချင်တော့တဲ့ Applications တွေအားလုံးကို ဖျက်ထုတ်တဲ့ နေရာမှာ အကြွင်းအကျန်အားလုံး မကျန်ရအောင် အသန့်စင်နိုင်ဆုံး Software တစ်ခုလို့ ပြောလို့ ရပါတယ်။ တစ်ခြား Uninstaller တွေနဲ့ မတူတာက အသုံးပြုပုံရိုးရှင်းပြီး Registery ကို Clean တဲ့ နေရာမှာ Safe ဖြစ်တာပါ။
 မသုံးဖူးသေးတဲ့ သူငယ်ချင်းများ အတွက်ပါ..။

 သုံးကြည့်ချင်တယ်ဆိုရင်...

ဒီမှာယူဒေါင်းယူသွားနိုင်ပါတယ်

Dos commands နှင့်လက်တွေ့အသုံးများ (မြန်မာလို)


ဒီစာအုပ်ကတော့ သန်းထိုက်(ရွှေရိပ်) ရေးတဲ့ Dos command အသုံးပြုနည်းစာအုပ်ပါ ညီလေးတစ်ယောက် မေးလ်နဲ့ပို့လာပေးလို့ တင်ပေးလိုက်ပါတယ် . အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ် . လိုချင်တဲ့ သူများ အောက်မှာ Download လုပ်လိုက်ပါ။

Download ifile.it | Mediafire | Zshare | Ziddu | Megaupload

window server 2008 (မြန်မာလို)


တော်တော်များများ မျှော်နေတဲ့ စာအုပ်လေးပါ. အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. ဒီနေ့တော့ ဒီစာအုပ်တစ်အုပ်ပဲ တင်ပေးနိုင်တော့မယ်. နေမကောင်းဘူးဗျာ. ညတုန်းက တစ်ညလုံး အန်နေတာ.  အစာအိမ်ဖြစ်မယ် ထင်တယ်. ထိုင်းမှာက ထိုင်းစကားမတတ်တော့ အင်္ဂလိပ်လိုပြောတယ်. ထိုင်းက nurse မတွေကလဲ တော်လိုက်တာ ဆိုတော့ ပြောမနေနဲ့ တစ်လုံးမ မတတ်ဘူး. အဲ့ဒါနဲ့ ဆရာဝန်နဲ့ သွားတွေ့လိုက်တယ်. ဆရာဝန်ကလဲ တစ်လုံးစ နှစ်လုံးစပဲ ပြန်ပြောနိုင်တယ်. လုံးစေ့ပတ်စေ့ မရှင်းပြနိုင်ဘူး. အစာမာမစားနဲ့ ဆန်ပြုတ်ပဲ သောက် ဒါလောက်ပဲ ပြောလိုက်တယ်. စိတ်ပိန်တယ်ဗျာ. ကဲကဲ အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Download mirrorcreator | ifile.it | Mediafire | ziddu | zshare

လွယ်ကူသော Java သင်ခန်းစာများ (မြန်မာလို)


java programming အကြောင်းကို ရေးထားတာပါ. သဘောတရားတွေကို အဓိကထားပြီး အခြေခံပိုင်းရေးထားတာ ဖြစ်တဲ့အတွက် ဒီစာအုပ် ကို လေ့ လာခြင်း အားဖြင့် တစ်ခြား programming အကြောင်းများကိုပါ အလိုလို နားလည်သွားမှာ ဖြစ်ပါတယ်. ဘယ် programming ကိုပဲ လေ့လာလေ့လာ အခြေခံသဘောတရားချင်းကတော့ အတူတူပါပဲ. သိပ်မကွာပါဘူး. အဲ့ဒါကြောင့်မို့ programming အကြောင်း လေ့လာမယ် ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ စာအုပ်ကို မဖြစ်မနေ ဖတ်ရှု့သင့်ပါတယ်လို့ အကြံဥာဏ်ပေးချင်ပါတယ်. ဒီစာအုပ်ကလေးကို ကိုယ်ချင်းစာသူ ထံမှ မေးလ်ဖြင့်ရရှိထားသော စာအုပ်ဖြစ်ပါတယ်. ကိုယ်ချင်းစာသူကို ကျေးဇူးတင်ပါ တယ်. နောက်လဲ မြန်မာ လို ရေးထားတဲ့ နည်းပညာစာအုပ်များ အခုလိုပဲ မျှဝေပေးနိုင်ပါစေဗျာ. လိုချင်တဲ့သူများ အောက်မှာ Downloaed လုပ်ယူလိုက်ပါ. မြန်မာပြည်မှာ ပိတ်ထားတဲ့ ၀ဘ်ဆိုက်များကို ပြန်ဖွင့်ပေးနေပြီလို့ သတင်း ကြားပါတယ်.ဒါဟာ တစ်ကယ့်ကို ၀မ်းသာစရာကောင်းတဲ့ မင်္ဂလာသတင်းပါ. ကျွန်တော်ကတော့ အတော်လေးကို ၀မ်းသာပါတယ် ဒီသတင်းကိုကြားလိုက်ရတော့ အတိုင်းမသိပဲ.

Download mirrorcreator | ifile.it | mediafire | zshare | ziddu

laptop ပြုပြင်နည်းနှင့်သိသင့်စရာများ (မြန်မာလို)


ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်. desktop ကကျတော့ ကျယ်ပြန့်တဲ့ casing ပုံးခွံထဲမှာ ထည့်ပြီး ပေါ့ပေါ့ပါးပါး သုံးလို့ရပေမယ့်. laptop ကျတော့ တစ်လက်မလောက်သာသာပဲ ရှိတဲ့ laptop အခွံထဲမှာ အားလုံး ပြွတ်သိပ်ပြီး ကွန်ပျူတာတစ်လုံးဖြစ်လာအောင် တပ်ဆင်ထားရတာ တစ်ကယ်တော့ မလွယ်ပါဘူး. desktop သမားများက (၂)နှစ် (၃)နှစ်လောက် ဖုံတက်ချင်တက်ဆိုပြီး ပစ်ထားပေမယ့် ပုံးကကျယ်တော့ လေ၀င်လေထွက်ကောင်းတယ်လေ. speed သိပ်ပြီး သိသိသာသာမကျဘူး. laptop ကျတော့ ၃ နှစ်လောက်လဲ ပစ်ထားမယ်. သန့်ရှင်းရေးလဲမလုပ်ဘူး. ဖြစ်သလိုသုံးမယ်ဆိုရင်တော့ speed သိသိသာသာကျပြီး laptop က ထွက်တဲ့ အပူချိန်ကလဲ သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်. ပြောတာနဲ့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး. ဒီစာအုပ်ကလေးကို ဖတ်ပါ. သိသင့်တာလေးတွေ သိလာပါလိမ့်မယ်. လိုချင်ရင်အောက်မှာ Download လုပ်လိုက်ပါ.

Download mirrorcreator | ifile.it | mediafire | zshare | ziddu

computer service သမားများအတွက် Pc Mechanic (မြန်မာလို)


ဒါကတော့ ဦးဇော်လင်း ရေးထားတဲ့ Pc Mechanic ဆိုတဲ့ စာအုပ်ပါ. Hardware သမားများအတွက် ဖြစ်ပါတယ်. ကွန်ပျူတာ တစ်လုံး တစ်စုံတစ်ရာ တစ်ခုခုဖြစ်ပြီ ဆိုရင် (တစ်နည်းအားဖြင့် ပျက်ပြီဆိုရင်) ဘာ့ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကို ဖြစ်နိုင်ခြေတွေကို စဉ်ခြင်သုံးသပ်ရပါတယ်. ဒီစာအုပ်ကလေး မှာ ဖြစ်နိုင်ခြေတွေကို အခြေခံ သုံးသပ်တတ်အောင်လို့ ရေးပေးထား ပါတယ်. ဖြစ်နိုင်ခြေ အများဆုံးကို အရင်ဆုံးအဖြေရှာရမှာ ဖြစ်ပါတယ်. ဟိုဟာ ဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ စမ်းနေလို့ကတော့ တစ်ပတ်နေလဲ ကွန်ပျူတာရဲ့ ပျက်တာရဲ့ အဖြေကို သိရမှာ မဟုတ်ပါဘူး. အဲ့တော့ ကွန်ပျူတာ ပြင်မယ် service သမား တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို မဖြစ်မနေ သိထားရမှာ ဖြစ်ပါတယ်. စက်တစ်လုံးကို မီးပလပ်ထိုးပြီးတော့ ဖွင့်ကြည့်လိုက်တာနဲ့ အနည်းဆုံး ဖြစ်နိုင်ခြေ သုံးမျိုးလောက်ကို တန်းသိရပါမယ်. ဒီလိုသိနိုင်အောင်လဲ ဖြစ်နိုင်ခြေ ပြဿနာတွေကို လေ့လာထားရပါ့မယ်. မဟုတ်ရင် customar ရှေ့မှာ အထင်သေး ခံရတတ်မယ်မယ့်အပြင် အလုပ်ကိုလဲ နှောင့်နှေးစေပါတယ်. အဓိကပြောချင်တာကတော့ မိမိကိုယ်ကိုယ် service သမားလို့မှ ခံယူထားတယ်ဆိုရင်တော့ ဒီစာအုပ်လေးကို မဖြစ်မနေ ဖတ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ.

mirrorcreator | ifile.it | mediafire | zshare | ziddu | Megaupload

Speed Connect Internet Accelerator 8.0 ( Just Double Click )



 

သူ့ကိုတော့ အားလုံးသိကြမှာပါ Internet speed ကို မြန်စေတဲ့ Speed Connect Internet Accelerator version 8.0 လေးပါ

 ဘာ Key မှထည့်ပေးစရာမလိုပါဘူး.. ( Just Double Click ) လေးတွေ့လို့ တင်ပေးလိုက်တာပါ

သုံးကြည့်ချင်တယ်ဆိုရင် 

ဒီမှာဒေါင်းယူနိုင်ပါတယ်

Professional Solution Guide (မြန်မာလို)


ဆောင်း စာအုပ်လေးတစ်အုပ်ကို ဝေမျှပေးချင် ပါတယ်။ ဒီစာအုပ်လေးက ကွန်ပျူတာ သမားတိုင်း မဖြစ်မနေ ကြုံတွေ့ကြုံရတဲ့ ပြဿနာ များကို ဖြေရှင်းထားပေးတဲ့ စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်. စာအုပ်ပြုစုသူ ကတော့ ဆရာဥာဏ်ကြွယ်ပါ . လိုအပ်ရင် အောက်မှာ Download လုပ်ယူလိုက်ပါနော် ...

Download mirrorcreator | ifile.it | Mediafire | zidduHotfile

A+ စာမေးပွဲအတွက် သိထားသင့်တဲ့ မေးခွန်းနှင့်အဖြေများ (မြန်မာလို)


ဒီစာအုပ်ကလေးကတော့ A+ သမားများအတွက် လုံးဝသိထားသင့်တဲ့ အကြောင်း အရာတွေချည်းကိုပဲ ထုတ်နှုတ်ရေးသား ထားတာပါ. ပြီးတော့ ဗဟုသုတအနေနဲ့ ဘယ်လိုစာမေးပွဲတွေ ရှိတယ်ဆိုတာကိုလဲ ထည့်သွင်းရေးသား ထားပါတယ်. ဒီစာအုပ်ကိုတော့ ကွန်ပျူတာ အခြေခံပိုင်း သိထားတဲ့သူတွေအဖို့ ဖတ်ထားသင့်ပါတယ်. ဒါမှလဲ မေးလာတဲ့ မေးခွန်းအတွက် လွယ်လင့် တကူ ဖြေဆိုနိုင်မှာပါ. အားလုံးအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

mirrorcreator | ifile.it | mediafire | zshare | ziddu | megaupolad

အကောင်းဆုံး virus ကာကွယ်နည်း (မြန်မာလို)


ဒါကတော့ ကွန်ပျူတာ တစ်လုံးကို virus ဘယ်လို ၀င်ရောက်နိုင်တယ်။ ဘယ်လို virus တွေကို ကာကွယ်ရမယ် ဆိုတာကို ရှင်းပြထားတဲ့ စာအုပ်ကလေးပါ. ဆရာဦးအေးကို ရေးထားတာပါ. အရမ်းကိုကောင်းပါတယ်. ကွန်ပျူတာ သမားတိုင်း program တိုင်းနဲ့ မရင်းနှီးနိုင်ပေမယ့် virus တိုင်းလိုလိုနဲ့တော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပတ်သက်နေရမှာ ဖြစ်ပါတယ်. အင်တာနက်သုံးတဲ့ သူတိုင်းကိုမှ virus မိတာ မဟုတ်ပါဘူ. အင်တာနက်မသုံးပဲ flash drive တွေ external HDD တွေ၊ တစ်ချို့ VCD (or) DVD တွေကနေ တစ်ဆင့် မှလည်း virus ၀င်နိုင်ပါတယ်. အဲ့ဒီ့အတွက်ကြောင့် ဒီစာအုပ်ကလေးကိုတော့ မဖြစ်မနေ Download လုပ်ထားဖို့ တိုက်တွန်းလိုပါတယ်. အားလုံးအဆင်ပြေမယ်ဆိုရင် ကျွန်တော် ပင်ပန်းရကြိုးနပ်ပါတယ်.

Mirrorcreator | ifile.it | mediafire | zshare | ziddu | megaupload

Fruity Loop Studio 10 (မြန်မာလို)



သီချင်းတစ်ပုဒ်ကို ကိုယ်တိုင် ဖန်တီးလိုသူတွေအတွက် ကိုဝင်းဟိန်း
ရေးသား ပြုစုထားတဲ့ Fruity Loop Studio 10 စာအုပ်လေးပါ။ အောက်က အဆင်ပြေတဲ့ လင့်လေးမှာ ဒေါင်းသွားနိုင်ပါတယ်နော်.....


Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

adobe photoshop cs4 အသုံးပြုနည်း (မြန်မာလို)


အရင်က တင်ပေးခဲ့ပြီးပါပြီ . ဒါပေမယ့် လင့်သေနေတယ်ဆိုပြီး စာရောက် လာလို့ ပြန်ပြီးတော့ တင်ပေးလိုက်ပါတယ်. Download လုပ်မရသေးဘူးများ Download လုပ်လိုက်ပါ. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. ဘယ်နေရာကနေပဲ Download လုပ်လုပ် ရတဲ့နေရာကသာ Download လုပ်ပါ.

mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Network essential (မြန်မာလို)


Network ကို အခြေခံကစပြီးတော့ ချိတ်ဆက်ပုံတွေ၊ အသုံးပြုပုံတွေကို အသေးစိတ်ရှင်းပြထားတဲ့အပြင် DNS ဆိုတာဘာလဲ၊ FTP ဆိုတာဘာလဲစတဲ့ အကြောင်းအရာတွေကို ရှင်းပြထားတာဟာ အတော်လေးကို တန်ဖိုးရှိပါတယ်. ဆရာဦးဇော်လင်း ရေးသားထားတာပါ။ ၀ဘ်ဆိုက်လုပ်ဖို့စိတ်ဝင် စားတဲ့ သူများအတွက်ကော networking နှင့်ပတ်သက်ပြီး လေ့လာချင်တဲ့သူ လုပ်ဆောင်ချင်တဲ့သူများအတွက် တန်ဖိုးလုံးဝ ဖြတ်မရပါဘူး. network နှင့်ပတ်သက်တဲ့ အကြောင်းအရောတွေအရမ်းများပါတယ်. စာမျက်နှာပေါင်း (395)မျက်နှာပါပါတယ်. ၀ဘ်ဆိုက်အပိုင်းကို စိတ်ဝင်စားတဲ့သူတွေလဲ hosting အပိုင်းကို မသိတဲ့သူတွေအဖို့ ဒီစာအုပ်ဟာ အခြေခံပါပဲ. လုံးဝလေ့လာထားသင့်ပါတယ်. ငါက အခုလက်ရှိ networking ပိုင်းလုပ်နေတာပဲ လေ့လာစရာမလိုဘူးလို့ မသတ်မှတ်ပါနဲ့ ကိုမသိသေးတဲ့ အကြောင်းအရာတွေအများကြီးရှိပါတယ်. သေသေချာချာ စေ့စေ့စပ်စပ်ဖတ်ကြည့်လိုက်ပါ. ပိုပြီး ကျွမ်းကျင်လာမှာပါ စာအုပ်က ဆိုဒ် သိပ်မကြီးပါဘူး (65MB)ပဲရှိပါတယ်. . အားလုံး အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်. ဘာအကြောင်းအရာတွေပါလဲဆိုတာ အောက်မှာ အနည်းအကျဉ်းလောက် ဖော်ပြပေးလိုက်ပါတယ်. အကြောင်းအရာတွေ များတဲ့အတွက် အကုန်လုံးတော့ မဖော်ပြတော့ပါဘူး. Download လုပ်ပြီးတော့သာ ဖတ်ကြည့်လိုက်ပါ.

  • network concept ကွန်ရက်ဆိုတာ
  • networking advantages ဘာ့ကြောင့်ကွန်ရက် ချိတ်ဆက်အသုံးပြုရသလဲ
  • Network infastructure ဆိုတာ
  • Type of Network ကွန်ရက်အမျိုးအစားများ
  • Network Medium ကြားခံဆက်သွယ်ပေးသည့် device များ
  • Network protocol ဆက်သွယ်ရေးအရာရှိ
  • Network software ထိန်းချုပ်သည့်စနစ်
  • network services ကွန်ရက် ၀န်ဆောင်မှု
  • network types ကွန်ရက်အမျိုးအစားများ
  • Peer to Peer Networking ဆိုတာ
  • Server Based Network ဆိုတာ
  • Workgroup model အကြောင်း
  • domain model အကြောင်း
  • Server များ
  • Storage area Network အကြောင်း
  • Hybrid Network အကြောင်း
  • Domain name system (DNS)
  • File Transfer protocol (FTP)
  • ip address အကြောင်း
Mirrorcreator | ifile.it | mediafire | zshare | ziddu | megaupload

Powerpoint 2007 အသုံးပြုနည်း (မြန်မာလို)


ဒါကတော့ projector တွေနဲ့ ဆလိုက်ထိုးပြီး ရှင်းတဲ့အချိန်မျိုးတွေမှာ အသုံးများတဲ့ powerpoint အသုံးပြုနည်းစာအုပ်ပါ. လိုချင်တဲ့သူများ Download လုပ်လိုက်ပါ. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. စာအုပ် အသစ်များကို စောင့်မျှော်နေတဲ့ သူများအတွက်ပါ. နောက်ပိုင်း ဖုန်းနဲ့ ပတ်သက်ပြီးတော့ ရေးဖို့ရှိပါတယ်. လက်တွေ့လုပ်ပြဖို့အတွက် iphone တစ်လုံးရှာနေပါတယ်. ခဏစောင့်ပေးပါဦး.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Word 2010 အသုံးပြုနည်း (မြန်မာလို)


ဒါကတော့ microsoft office word 2010 အသုံးပြုနည်းစာအုပ်ပါ. ဒါကတော့ မေးလ်ကနေ ပို့ပြီးတော့ တောင်းထားတာလေးပါ. အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်. အဆင်ပြေတဲ့ link ကနေသာ Download လုပ်လိုက်ကြပါဗျာ.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Powerpoint 2007 အသုံးပြုနည်း (မြန်မာလို)


ဒါကတော့ projector တွေနဲ့ ဆလိုက်ထိုးပြီး ရှင်းတဲ့အချိန်မျိုးတွေမှာ အသုံးများတဲ့ powerpoint အသုံးပြုနည်းစာအုပ်ပါ. လိုချင်တဲ့သူများ Download လုပ်လိုက်ပါ. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. စာအုပ် အသစ်များကို စောင့်မျှော်နေတဲ့ သူများအတွက်ပါ. နောက်ပိုင်း ဖုန်းနဲ့ ပတ်သက်ပြီးတော့ ရေးဖို့ရှိပါတယ်. လက်တွေ့လုပ်ပြဖို့အတွက် iphone တစ်လုံးရှာနေပါတယ်. ခဏစောင့်ပေးပါဦး.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Computer Network study Guide (မြန်မာလို)


ဒါကတော့ network အကြောင်းတွေကို အခြေခံကစပြီးတော့ ရေးသားထားတဲ့ စာအုပ်ပါ. ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေ ပါပါတယ်. အရင်စာအုပ်တွေက အခြေခံလို့ဆိုပေမယ့် ခုမှစလေ့လာမယ့် သူတွေ အတွက်တော့ နည်းနည်းလေး မြင့်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်. ဒီစာအုပ်ကလေး ကတော့ သိထားသင့်တဲ့ အခြေခံဗဟုသုတတွေကို ရသွားပြီး စလေ့လာတဲ့ သူတွေကို ထောက်ပံ့မှုတွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်. ဆရာ ဦးဇော်လင်း ရေးသားထားတဲ့ စာအုပ်လေးပါ.

Mirrorcreator | ifile | Mediafire | Zshare | Megaupload

A+ pc hardware (မြန်မာလို)


ဒါက ဆရာ မျိုးသူရ ရဲ့ A+ စာအုပ်ပါ ။ အဓိက ရေးထားတာက အခြေခံရယ်၊
hardware ထိန်းသိမ်း နည်း ရယ်ပါ ။ အဆင်ပြေတဲ့ Link ကနေ download ဆွဲ ကြပါ ... ကျွန်တော်လည်း လေ့လာဆဲပါ ခင်ဗျာ ... ဒီ blog မှာ ရေးသားခွင့်ပြုတဲ့  ကိုညီနေမင်း ကိုလည်း အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ ...

Download mediafire
 MICROSOFT BLUE EDITION
Microsoft Office 2010 Blue Edition

 လိုအပ်နေတဲ့  သူငယ်ချင်းများအတွက် ပါ ..။ ကျနော်ကိုယ်တိုင်တင်ထားတာ မဟုတ်ပါဘူး ဆိုက်ဒ် တခု ကနေ ပြန်ရှယ်ထားတာပါ...။

Microsoft Office Pro Plus 2010 This assembly provides powerful new tools to express their ideas, solve problems and communicate with people. Office 2010 allows you to work, how, when and where you want.
Using Office 2010 almost anywhere: computer, phone, browser. With Microsoft Office 2010 you can see and do minor editing of Word, Excel, PowerPoint and OneNote 2010 documents in virtually any location, using 
The structure includes:
Microsoft Word 2010
Microsoft Excel 2010
Microsoft Outlook 2010
Microsoft PowerPoint 2010
Microsoft OneNote 2010
Microsoft Access 2010
Microsoft InfoPath 2010
Microsoft Publisher 2010
Microsoft Project 2010
Microsoft SharePoint Designer 2010
Microsoft SharePoint Workspace 2010
Microsoft Visio 2010

System requirements:
Processor: 2.5 GHz.
RAM: 2 GB recommended (minimum 1 GB).
Hard drive: depends on the parameters set
Year: 2010
OS: Windows All
Developer: Microsoft
Interface: Multilanguage
Tablet: No
 

Saturday, March 24, 2012

Epson stylus C63, C64, C65, C66 အမျိုးအစားတွေကို counter reset ဘယ်လို လုပ်မလဲ


WTN MYS : ကိုညီ ကျွန်တော်ရဲ့ Printer က Epson C65 ပါ သူအတွက် Resetter က ဘယ်ဟာနဲ့လုပ်ရမှာလဲ ? ဘယ်လိုလုပ်ရမလဲ? ကျေးဇူးပြုပြီးရေးပေးပါတင်ပေးပါခင်ဗျာ... အရင်ဆုံး အောက်မှာ တင်ပေးထားတဲ့ link ကနေ resetter ကို Download လုပ်လိုက်ပါ။ exe ဖိုင်ကို run ပြီးတော့ မိမိသုံးထားတဲ့ epson model ကိုရွေးပေးပြီး ok နှိပ်ပါ. maintenance tab ထဲထဲဝင်ပြီး check waste ink pad counter ကိုနှိပ်ပါ. ပြီးရင် reset ကို ဆက်နှိပ်ပါ. ဒါဆိုရင်ပြီးပါပြီ. နောက်ပိုင်းတွေမှာ resetter အတွက် တောင်းဆိုတာများ ရှိခဲ့ရင်တော့ အသေးစိတ်မရေးပေးတော့ပါဘူး. ဘာလို့လဲဆိုရင် ကျွန်တော့်ကို printer service လုပ်နေတဲ့ ညီငယ်တော်တော်များများက နေပြီးတော့ မတင်ပေးဖို့အတွက် မေတ္တာရပ်ခံထားတဲ့ မေးလ်တွေ တော်တော်များများ ရောက်လာလို့ပါ. အဲ့ဒီ့အတွက် resetter tools များကိုတော့ တင်ပေးပါ့မယ်. စမ်းတာတော့ ကိုယ့်ဟာကို...

HP Photosmart Printer တွေကို Master reset ဘယ်လိုလုပ်ရလဲ


kosaiwinaung@gmail.com : အကိုရေ Hp Photosmart 6280 ကောရမလားမသိဘူးနော် ကျနော် မင်ကိုအပ်နဲ့ ပြန်ဖြည့် တယ်လေ သုံးတောရတယ် ဒါပေမဲ့ မင်ကိုမသိဘူးပြောနေတာလေ စက်ဖွင်တိုင်း okဘေးက အတုံးလေးကိုတခါနိပ်ကိ ok ပြောလိုက် ရင်တော့ ပင်ထုပ်ပေးပါတယ် ပင်ထုပ်ပိရင်လယ် မင်ကိုမသိဘူး လို ပြောနေပြန်တယ်လေ.. ok ပေးလိုက်ရင် ပြောက်သွား တယ်လေ နောက် တခါ စက်ပြန်သုံးရင် ပြန်ပိဖြေပေးနေ ရပြန်တယ်လေ ကျနော်သုံးရင် ဘာမှ မဖြစ်ပေးမဲတခြားတစ်ယောက်သုံးရင် နာမ လယ်တော့ အခက်တွေနေတာပေါ့နော် .. နောက်ပိမင်းကုန်တော့လယ် သိနေပြန်တယ် ခင်များ ကျေးဇူးပြုပိ ဖြေကျားပေး ပါနော်... ကျေးဇူးတင်ပါတယ်..... ကိုစိုင်းဝင်းအောင်ရေ . အခုကျွန်တော်ပြောတဲ့အတိုင်း master reset လုပ်ကြည့်ပေးပါ. အခုပြောတဲ့ master reset က တစ်ခါတစ်လေ မှင်ဘူးရဲ့ circuit က အားလုံး fix ဖြစ်နေပေမယ့် မသိတာမျိုး တစ်ခါတစ်လေ လွတ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်....

Canon-IP1800 နှင့် MF8350 Driver


နေရိုင်းး ကိုညိရေ အစ်ကို.ကို ကျေးဇူး အများကြီး တင်ပါ တယ် နောက်ထပ် IP 1880 နှင်. MF canon 8350 driver လေး ကိုလည်း တင်ပေးပါ.အုံးနော် MF 8350 Driver (ကြိုက်တဲ့ လင့်တစ်ခုကနေ Download လုပ်လိုက်ပါ) Link1 | Link2 အဲ့မှာ ကို့ရဲ့ printer အမျိုးအစား window အမျိုးအစားနဲ့ language ကိုရွေးပေးလိုက်ပြီး Download လုပ်လိုက်ပါ. Canon ip1800 Driver (ကြိုက်တဲ့ လင့်တစ်ခုကနေ Download လုပ်လိုက်ပါ။ Download mediafire (Link-1) | Download (Link...

Canon Pixma IP2770 printer ရဲ့ error 5B00 ကို resetter နဲ့ ဘယ်လိုရှင်းရလဲ



ဓါတ်ပုံနဲ့ကတော့ အသေးစိတ်မပြတော့ပါဘူး. ဘာလို့လဲ ဆိုရင် ပြောပြတာနဲ့တင် အဆင်ပြေမယ်လို့ မျှော်လင့်မိလို့ပါ. အဲ့တော့ printer service သမားတော်တော်များများမှာ resetter တစ်နည်းအားဖြင့် service tools တွေကို အမြဲဆောင်ထား တတ်ကြပါတယ်. များသောအားဖြင့်တော့ service tools တွေကို သုံးပြီးတော့ ဖြေရှင်းကြတာ များပါတယ်. ကဲဟုတ်ပြီအဲ့တော့ အခုပြောပြမယ့် error 5B00 ဆိုတာကဘာလဲ ဘာလို့ပေါ်တာလဲ ဆိုတာကို အရင်ဆုံးပြောပြ ပါ့မယ်. ဒိ printer မှ မဟုတ်ပါဘူး. inkjet printer တိုင်းလိုလို ဒီအဖြစ်အပျက်ကို စာရွက်အထုတ်များတဲ့ပေါ်မှာ မူတည်ပြီးတော့ အဖြစ်များတတ်ပါတယ်. တစ်ခြား printer အမျိုးအစားတွေအတွက်လည်း အလျင်းသင့်ရင် သင့်သလို ပြောပြ ပေးသွားပါ့မယ်. ဒါတွေကို ပြောပြနေတာ service လုပ်စားတဲ့သူတွေ နစ်နာပါစေတော့ ဆိုတဲ့သဘောနဲ့ မဟုတ်ပါဘူး. နယ်အဝေးကြီးမှာ နေနေရတဲ့ ညီအစ်ကိုများ တစ်နေ့မဟုတ် တစ်နေ့...

canon ip2770 and ip2772 printer resetter


Khin Aye : ကိုညီနေမင်း ခင်ဗျာ အလုပ်များနေသူကို အားနာပေမယ့် canon ip2772 printer resetter လေး လိုအပ်နေလို့ပါ၊ တင်ပြီးသားရှိရင်လည်း link လေးပေးထားစေလိုပါတယ် ခင်ဗျာ။ နှစ်မျိုးလုံးအတွက် အဆင်ပြေပါတယ်. စမ်းကြည့်လိုက်ပါ. canon ip2770 Driver အတွက် ဟိုတစ်လောက တောင်းထားတဲ့ ညီလေးအတွက်က အောက်ကလင့်ကနေ ကိုတင်ထားတဲ့ window os အမျိုးအစားကို ရွေးပြီးတော့ Download လုပ်လိုက်ပါ. Download Driver for ip2770 - Windows 7, download. Windows 7 (x64), download - Windows Vista, download - Windows Vista (x64), download - Windows XP, download - Windows XP (x64), download ဒါကတော့ ကိုခင်အေး လိုချင်နေတဲ့ canon ip2770 and ip2772 resetter ပါ နှစ်မျိုးတင်ပေးလိုက်ပါတယ်. တစ်ခုနဲ့ အဆင်မပြေရင် နောက်တစ်ခုနဲ့ လုပ်ပါ. Mirrorcreator  | ifile | Mediafire | Ziddu...

canon Mp series resetter tool


စိုင်းဆေပန်ဖ "ကိုကြီး ..ညီလေးကို Cannon Mp-259 resetter လေးကူညီပါဦး ကျွန်တော်မရှာတတ်တော့လို့ပါ" ကိုစိုင်းဆေပန်ဖရေ canon MP series အားလုံးအတွက် resetter လေးကို တင်ပေးလိုက်ပါတယ်. အဆင်ပြေ မယ်လို့ မျှော်လင့် ပါတယ်ဗျာ. Ink Level - shows the level of occupancy ink: BK - black cartridge. CY - colored ink cartridge Cyan. MG - colored Magenta ink cartridge. YL - Yellow colored ink cartridge. WM - "core" container for the waste of ink. WP - "additional" container for the waste of ink. Mirrorcreator | Mediafire | ifile.it | Zshare | Ziddu | Megauploa...

Epson Photo 1390 Adjustment Program


ကိုညီနေမင်း... ကူညီပါအုံး . ကျွန်တော် epson 1390 service required error တက်နေလို့။ အဲဒါ resetter software လည်း innwa ၀ယ် တာ 12000 တောင်ပေးရတယ်။ ဘယ်လို use ရမယ်မသိလို့ ကူညီပါအုံး။ soezawzaw10@gmail ကို mail ပို့ပေးပါအုံး။ နောက်ပြီး programing ကို မြန်မာလို့လေ့လာချင် စာအုပ်လေးရှိရင်ပေးပါအုံး။ 12000 တောင်ပေးရတယ်ဆိုတော့ အားပါးပါ ဈေးတော်တော်ကြီးတာပဲ . ကျွန်တော်ကတော့ မရောင်းပါဘူး ရောင်းမယ်ဆိုရင်တော့ အခုအချိန်ဆို ပိုက်ဆံအတော်ရနေလောက်ပြီ ဟီးဟီး တင်ထားပေးတဲ့ resetter တွေ မနည်းဘူး . service manual စာအုပ်ကိုတော့ နောက်ပိုင်း ထပ်တင်ပေးပါ့မယ် . အခုတော့ resetter program ကို တင်ပေးလိုက်ပါတယ် . သုံးနည်းကိုလဲ နောက်ပိုင်း ဆက်ရေးပေးသွားပါ့မယ် . အားလုံးက အတူတူချည်းပါပဲ . သိပ်မကွာပါဘူး .Download mediaf...

Resetter Epson S20, Epson T10, Epson T11, Epson T20, Epson T26, Epson T30 and Epson TX600FW


တောင်းထားတဲ့ ညီလေးတစ်ယောက် ရှိလို့ တင်ပေးလိုက်ပါတယ် . အရင်က T13 အတွက် တင်ပေးခဲ့ပြီးပါပြီ . အခု Epson S20, Epson T10, Epson T11, Epson T20, Epson T26, Epson T30 and Epson TX600FW အတွက် resetter program ကို တင်ပေးလိုက်ပါတယ် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . ကျွန်တော့်ဝဘ်ဆိုက်ကို မြန်မာပြည်ကနေ ပိတ်ထားလိုက်ပါတယ် . ဘာအမှားလုပ်လို့ ဒါမှမဟုတ် ဘာမကြေနပ်လို့ ပိတ်လိုက်တယ် ဆိုတာတော့ ကျွန်တော်လဲ မသိပါဘူး . စာရေးရတာတောင် အားမပါတော့သလိုပဲ . ၀န်ထမ်းကပဲ လက်စွမ်းပြလိုက်သလား ၊ အမြင်ကတ်ပြီးတော့ပဲ ပိတ်လိုက်သလားတော့ မသိပါဘူး . ကဲကဲ အောက်မှာ Download လုပ်လိုက်ပါ .Download ifile.it | mediafire | zshare | ziddu | megaupl...

Resetter / Adjustment Epson Stylus TX100-TX101-TX105-TX110-TX111


Khin Myoး ကိုညီနေမင်း Epson Styllus TX111 ရဲ Reseter Program လေး တင်ပေးစေချင် ပါတယ် internet မှာ ရှာလို့ မတတ်လို့ ပါ။ကဲ တစ်ခြားသူတွေလဲ ရှာလို့ရအောင်လို့ ကျွန်တော် printer 4 လုံးစလုံး တင်ပေးလိုက်တယ် . အားလုံးလဲ ကြေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် .TX110-TX111 Resetter >> ifile.it | mediafire | zshare | zidduTX100-TX105 Resetter >> ifile.it | mediafire | zshareTX100-TX101 Resetter >> ifile.it | mediafire | zshare | zidduTX100 Resetter >> ifile.it | mediafire | zshare | zi...

RESET CANON IX4000,IX5000 (service manual)


ကျွန်တော်သုံးနေတဲ့ Canon iX4000 A3 injet printer က Error 6502 တက်နေလို့ပါအစ်ကို။ အဲဒါဘယ်လိုလုပ်ရမလဲမသိလို့ ကူညီပေးပါခင်ဗျာ။ Software resetter လည်း မရှာတက်လို့ပါဗျာ။ ဖြစ်နိုင်ရင် နည်းနည်းကူညီပါအုံး။service manual ebook လေး တင်ပေးလိုက်ပါတယ် . software ကတော့ နောက်မှပဲ တင်ပေးလိုက်ပါ့မယ် . အဲ့စာအုပ်လေးနဲ့ စမ်းကြည့်ပါဦး . ဒီဆိုက် လေးကိုလဲ သွားကြည့်ပေးပါ Download mediafire | ziddu | zsh...

epson t13 resetter


တောင်းထားတဲ့သူရှိလို့ တင်ပေးလိုက်ပါပြီ . အားလုံးအဆင်ပြေပါစေဗျာ . အောက်မှာ Download လုပ်ယူလိုက်ပါ . တစ်ခြားလိုချင်တဲ့သူများလဲ မေးလ်ပို့ပြီး တောင်းဆိုနိုင်ပါတယ် . အဆင်ပြေအောင်တော့ အကောင်းဆုံး hosting ဆိုက်တွေကပဲ တင်ပေးလိုက်ပါတယ် . Download ifile.it | Downlad mediafire | Download zshare | Download zi...

Canon mx328 Resetter


ကိုစိုင်း "Canon mx328 Resetter software လိုချင်ပါတယ်ဗျာ"Download ziddu | Download zshare | Download mediafire | Download ifile...

Canon ip 1900 series resetter


မေးး amc@gmail.comး ကိုညီနေမင်းခင်မျာ Canon ip 1980 Resetter software ကို အဆင်ပြေရင် ပို့ပေးစေချင် ပါတယ်။ ကျွန်တော်မှာ Printer resetter software မရှိသဖြင့် အရမ်းကို အခက်အခဲ ဖြစ်နေလို့ အစ်ကိုဆီကို အကူအညီ တောင်းခံတာပါ။ကူညီပါအစ်ကို။ဖြေး အောက်မှာ Download လုပ်လိုက်ပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .Download ifile.it | Download ziddu | Download mediafire | Download zsh...

Epson Printer T60 Resetter


မေး ymtmyo12@gmail.comး ကိုညီနေမင်းခင်မျာ Epson Printer T60 Resetter software ကို အဆင်ပြေရင် ပို့ပေးစေချင် ပါတယ်။ ကျွန်တော်မှာ Printer resetter software မရှိသဖြင့် အရမ်းကို အခက်အခဲ ဖြစ်နေလို့ အစ်ကိုဆီကို အကူအညီ တောင်းခံတာပါ။ဖြေး အောက်မှာသာ Download လုပ်လိုက်ပါဗျာ . အဆင်ပြေတဲ့ Link ကသာ ဆွဲပေတော့ .Download zshare | Download ifile.it | Download mediafire | Download zi...

SSC Service Latest versions (4.30)


ဒါကတော့ နောက်ဆုံးထွက် version အသစ်ပါ . အားလုံးပဲ အဆင်ပြေ ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် . printer တိုင်း အတွက်တော့ resetter မရှိပါဘူး . အခုနောက်ထွက်တဲ့ version တွေဆိုရင်တော့ သုံးရတာလဲ အဆင်ပြေသလို resetter မရှိရင်လဲ cartridge ၀ယ်ရင် တစ်ခါတည်း auto resetter ပါပြီးသားဆိုတော့ အဆင်ပြေပါတယ် . - support for R270- support for R240- support for R340- support for CX2800- support for CX3900- support for CX4900- support for CX5900- support for C58/C59- support for RX640- improved support for C2100/2200- improved support for RX700- improved support for R2400- improved support for 785EPX/825/895/915Download ifile.it ၊ Download mediaf...

hp deskjet f300 အတွက် ဖြေရှင်းချက် .


သူသူ "HP Deskjet F300 Series InkJet Printer Resetter လေး လိုချင်ပါတယ်ခင်ဗျာ။ ရရင် တင်ပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်။"printer ၀ယ်သုံးချင်သူများကို သတိပေးချင်တာကတော့ . ဘယ်တော့မှ all in one series ကို မသုံးပါနဲ့ . ကိုကတော့ all in one ဆိုတာနဲ့ printer တစ်လုံးကို ၀ယ်လိုက်တာနဲ့ scanner, copy, print out စတာတွေအားလုံးကို ရမယ် ဆိုတာနဲ့ ၀ယ်လိုက်ရေ . ၀ယ်တုံးကတော့ all in one ကွ ပေါ့ မကြာပါဘူး ပြဿနာက စပြီ . ဓါတ်ပုံတစ်ပုံကို ဖတ်လိုက်ရင် ၀ါးတားတားဖြစ်ရတာနဲ့ copy ကူးရင် black and white ကိုကူးပါတယ်ဆို အပြာရောင်လိုလိုထွက်လာရတာနဲ့ . မျိုးစုံ တစ်ခုပြီးတစ်ခု ပြဿနာ ဖြစ်လာတတ်ပါတယ် . f-300 ရဲ့ ဒုက္ခပေးမှုလေးကို ပြောပြပါ့မယ် . သူအဓိက ပေးတဲ့ဒုက္ခက auto restetter ပါတဲ့ ink cartridges ကို ၀ယ်ပြီးတော့ ထည့်လဲထည့်လိုက်ရော တစ်ချို့ printer တွေမှာ အဆင်ပြေပေမယ့် . တော်တော်များများက...

ink cartridges တစ်ခုကို resetter မသုံးဘဲ အချိန်အကြာကြီး သုံးလို့ရအောင်


ညီငယ်တစ်ယောက် မေးထားတာပါ . ကျွန်တော်လဲ အတတ်နိုင်ဆုံးတော့ လက်လှမ်းမီသလောက် လေးတွေကို လိုက်ဖြေပေးနေပါတယ် . ဒီမေးခွန်းကို မေးလာတဲ့ ညီငယ်အတွက်တင် ရည်ရွယ်တာ မဟုတ်ပါဘူး . printer သုံးတဲ့ သူတိုင်းအတွက် ရွယ်ရွယ်တာပါ . ink cartridges တစ်ခုကို အချိန်အကြာကြီး အသုံးခံအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ နှစ်နည်းရှိပါတယ် .(1) ink resetter ကိုသုံးရင်သုံး မသုံးရင်(2) InkSaver လို program မျိုးကိုလဲ သုံးလို့ရပါတယ် .သူကဘာတွေကို လုပ်ဆောင်ပေးလဲဆိုရင် မလိုအပ်ဘဲ ink over နဲ့ head cleaning တွေကို ထိန်းချုပ်ပြုပြင် ပေးတဲ့အပြင် ink level ကန့်သတ်ချက်ကိုလဲ အကောင်းဆုံး ထိန်းချုပ်ပေးထားပါတယ် . ကဲအောက်မှာ စမ်းသုံးလိုက်ပါဦး . ဒါက ink jet printer တွေအတွက် အလုပ်ဖြစ်ပေမယ့် laser jet တွေအတွက်တော့ သိပ်အလုပ်မဖြစ်ပါဘူး . ink jet printer သမားများအတွက် တင်ပေးလိုက်တာပါ . မြန်မာပြည်ရဲ့ 85%...

ဘာ့ကြောင့် resetter ကို သုံးကြရတာလဲ


ဒီမေးခွန်းအတွက် ကတော့ လွယ်ပါတယ် . printer တွေမှာ ဘယ် printer ကို မဆို original ဆေးဗူးတွေ မှန်သမျှဟာ စာရွက်အရွက်ရေနဲ့ သတ်မှတ်ပါတယ် . ဆေးဗူးတစ်ဗူးဆို စာရွက်ဘယ်နှစ်ရွက် ဆိုတာမျိုးပေါ့ . တစ်ခါတစ်လေ ဆေးဗူးထဲမှာ ဆေးကျန်နေသေးတယ် ဒါပေမယ့် သူသတ်မှတ်ထားတဲ့ စာရွက်အရွက်ရေ ပြည့်သွားပြီဆိုရင် printer က ဆေးဗူးထဲမှာ ဆေးမရှိတော့ဘူးလို့ပဲ သတ်မှတ်လိုက်တာပါ . အဲ့ဒီ့အခါမှာ ဆက်ပြီးတော့ စာရွက်ထုတ်လို့ မရတော့ပါဘူး . ကိုက ဆေးဗူးအသစ်လဲ မ၀ယ်ချင်ဘူး . မူရင်းဆေးဗူးအဟောင်း ကိုပဲ ဆေးထည့်ပြီး ပြန်သုံးချင်တယ် . ဘယ်လိုလုပ်မလဲ printer service လုပ်တဲ့ program တွေကို အသုံးချပြီး printer က ကုန်သွားပြီလို့ သတ်မှတ်ထားတဲ့ ဆေးဗူးကို ပြန်ပြီး reset လုပ်လိုက်တာနဲ့ ဆေးဗူးနောက်က ဆားကစ်ပြားမှာ မှတ်ထားတဲ့ memory ဟာ ပျက်သွားပါတယ် . သဘောက "0" ကို ပြန်ရောက်သွားတယ် ပေါ့ဗျာ . အဲ့ဒီ့လို ပြန်ပြီး reset လုပ်လိုက်ရင် ဆေးဗူးထဲမှာတော့ ဆေးတစ်စက်မှ...

HP LaserJet 4000 - 4050 (service)


Service လုပ်ဖို့အတွက် ebook တင်ပေးထားပါတယ် . ကျွန်တော် service လုပ်တုန်းကဆို သူများဆီက အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်ကို ခဏငှားပြီး မိတ္တူကူးရတာပါ . ကျွန်တော် အရင်က မိတ္တူကူးစက်တွေကို ပြင်လိုက်သေးတယ် . canon 3050, 3025 တွေကို အများဆုံးကိုင်တယ် . ဟိုစပ်စပ် ဒီစပ်စပ်တော့ မဟုတ်ဘူး . ဆိုင်ဖွင့်တယ်ဆိုတော့ တစ်ခါပျက်တိုင်း service ကို သွားသွားခေါ်နေရတာ စားရိတ်စားခနဲ့ မကာမိဘူး . နောက်ပိုင်း ကိုယ့်ဟာကိုပြင်တယ် . လိုအပ်တဲ့ Drum, Brake, Golden wire, Sliver wire, cleaner roller တို့နဲ့ တစ်ခြား ဟာတွေကိုတော့ အပိုဝယ်ထားတယ် . မိတ္တူကူးစက် ၀ယ်ချင်သူများ အကောင်းဆုံးကတော့ အပေါ်က canon 3050, 3025 တွေကိုသာ ရှာဝယ်ဗျာ သူတို့က အပိုပစ္စည်း လဲရတာ သက်သာတဲ့အပြင် ဆေးဖိုးကလဲ နဲနဲပဲကုန်တာ ဆေးတစ်ထုတ်ကို 5000 ရန်ကုန်မှာ ဘယ်လောက်မှမရှိဘူး . ပိုက်ဆံရှိလို့ ဈေးကြီးကြီး ကောင်ကြီးတွေဝယ်ပြီးတော့...

Epson R390 Resetter


loikawsnow "အစ်ကိုရေ Epson R390 error တက်နေလို့"ကျွန်တော် အသေးစိတ် မရေးပေးတော့ပါဘူး . အောက်က အဆင့်အတိုင်း လုပ်လိုက်ပါ . နောက်ပိုင်းမှ မြန်မာလို ပြန်ရေးပေးပါ့မယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .Turn on the printer Set the date to 1 January 2007 Computer Adjprog.exe run from the extract of a folder (or locate the file or application. Exe and run it) Click accept Click on the particular mode adjustment Go to interview Then select waste ink pad counter then click ok Click "button box" until it is done then click "initialization" button and then click "finish button" Turn off the printer for 5secs then turn again Set the date today.Download ifile.it ၊ Download mediaf...

Using internet and email (မြန်မာလို)


ဒါကတော့ ဟိုအရင်က တင်ပေးတဲ့ စာအုပ်တွေနဲ့တော့ သိပ်မထူးခြားပါဘူး. ဒါပေမယ့် အင်တာနက်နဲ့ email ကို ဘယ်လိုသုံးမလဲ chatting ကိုဘယ်လိုသုံးမလဲ ဆိုတာတွေကို ရှင်းပြပေးထားတဲ့ စာအုပ်ပါ. မသုံးတတ်တဲ့သူများ အတွက် အထောက်အကူရမယ်ထင်လို့ တင်ပေးလိုက်ပါတယ်. အောက်မှာ Download လုပ်လိုက်ပါ.

Excel 2010 အသုံးပြုနည်း (မြန်မာလို)

 

ဒါကတော့ Excel 2010 ကို အသုံးပြုနည်းစာအုပ်ပါ. ဟိုတစ်ရက်က ညီလေး တစ်ယောက် တောင်းထားတာ တွေ့လို့ တင်ပေးလိုက်ပါတယ်. အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်. အောက်မှာ Link တွေအများကြီးကနေ တင်ပေးထား ပါတယ်. အဆင်ပြေတဲ့ Link ကနေသာ Download လုပ်ကြပါ.

Mirrorcreator | ifile | mediafire | Zshare | Ziddu | Megaupload

microsoft word 2007 အသုံးပြုနည်း (မြန်မာလို)

 


မနေ့ကတုန်းက 2010 တင်ပေးလိုက်တယ်. အခု word 2007 ကို ထပ်တင်ပေးလိုက်ပါတယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ. အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

window server 2003 (မြန်မာလို)


အရင်က တင်ပေးထားတဲ့ Link က သေသွားပြီဆိုလို့ အသစ်ပြန်တင်ပေးလိုက်ပါတယ် .
ကျွန်တော်တင်ပေးလိုက်ပါပြီ . window server 2003 ကို စိတ်ဝင်စားသူများ လေ့လာလို့ရပါတယ် . စာရေးဆရာကတော့ ထုံးစံအတိုင်းပဲ ဦးဇော်လင်း ရေးသားထားတာပါ . မူရင်း scanner ဖတ်တဲ့သူ ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် ကျေးဇူးတင် ပါတယ်ဗျာ . ကျွန်တော့်ကတော့ ထိုင်းမှာ ရောက်နေတာနဲ့ scanner ဖတ်ဖို့ အချိန်လု ရတာနဲ့ကို မဖတ်ဖြစ်ပါဘူး . နောက်ပိုင်းတော့ လုပ်ပေးပါဦးမယ် .. လုပ်ပေးချင်ပါတယ် . ပေးစရာ တွေလဲ အများကြီး ရှိပါတယ် .


Download ifile.it | Mediafire | zshare | Ziddu